Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, 9 August 2012

ကွန်ပျူတာမှာအလှလည်းဆင်Alarmလည်းပေးလို့ ရတဲ့နာရီလေးပါ



ကွန်ပျုတာမှာ အလှဆင်ဖို့    နာရီလေးတွေပါ  Alarmပါပေးလို့    ရတယ်နော်

ပြီးတော့လို သလိုပြုပြင်လို့ ရပါတယ် ကိုယ့်ပုံနောက်ခံထားလို့ ရမယ် နမူနာပုံစံ

လေး   ပြထားပါတယ် ထမင်းမေ့ဟင်းမေ့  ကွန်ပျုတာရှေ့   ထိုင်တတ်သူများ

အတွက် အသုံးဝင်နိုင်ပါတယ် နာရီဒီဇိုင်း၁၀မျိုးပါတယ်   Portable မလို့ အသုံး

ပြုရအရမ်းလွယ် ကူပါတယ် WindowXP တွေ ကတော့   Window7သမားလို

Desktop ပေါ်  နာရီအလွယ်ကြည့်ဖို့ တင်ထားလို့ ရပါပြီ ကိုယ့်နောက်ခံပုံထား

ဖို့ နဲ့ Alarmပေးဖို့ ကတော့အင်စတောလုပ်ပီး Desktopပေါ်မှာရောက်ပြီဆိုရင်

နာရီလေးပေါ် Right Click ထောက်ပီးSetting မှာ လိုအပ်သလိုပြင်ယူလိုက်ပါ

အများကြီး  ပြင်လို့ ရပါတယ် Alarm လည်း ကိုယ်ကြိုက်တဲ့   သီချင်းနဲ့ ပေးလို့ 

ရပါတယ်  ကဲစမ်းချင်သပဆို   ဆွဲစေဗျာ ဖလမ်းဖလမ်းထသွားစေရမယ်....။


ဒီမှာDownloadယူပါ Desktop Clock Portable

မြန်မာပြည်ကလူများ ဒီကယူ Desktop Clock PTB

မိမိလပ်တော့ကနေ wifi ပြန်လွှင့်ချင်သူများအတွက်

Connectify Hotspot v3.0 (WiFi)


ကျွန်တော် ဒီကောင်လေးကို အစ်ကိုတစ်ယောက်ကလည်း Laptop ကနေပြီးတော့ Wifi ပြန်ရှယ်ပေးချင်တယ် ဆိုတာနဲ့ ဒီကောင်လေးကို Update လေးရှာပြီးတင်ပေးလိုက်တာပါ။ Desktop PC တွေမှာ တော့ သုံးလို့မရပါဘူး။ Laptop အတွက်သီးသန့်ပါ။ Wifi ရှယ်တဲ့အချိန်မှာ ကျွန်တော်တို့ နှစ်သက်သလို Password ခံပြီး ရှယ်ပေးလို့ရပါတယ်။ သူ့အတွက် Crack ဖိုင်လေးပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 8.69 MB ရှိပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်။ 
အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက် ပါဗျာ။


Thursday, 5 July 2012

facebook မှာပုံမမြင်ရရ်ျစိတ်ဓာတ်ကျနေတဲသူငယ်ချင်းများ....

၂ ရက်ရှိပြီ ပုံတွေမမြင်ရတာ Facebook Server Error ကြောင့်ပဲ ထင်နေမိတယ် ။ သေချာပြန်ကြည့်တော့မှ mpt တစ်ခု တည်းဖြစ်နေတာတွေ့ခဲ့ရတယ် ။ တစ်ခုခု error တက်တာကြောင့်လို့ထင်ပါတယ် ။ ဒါကြောင့် ဖေ့ ဘုတ်က ပုံတွေမမြင်ရသူတွေအတွက် နည်းလမ်းကောင်းတွေအများကြီးရှိတဲ့အနက်က

ကျွန်တော်အကြိုက်ဆုံး နဲ့အဆင်ပြေအလွယ်ကူဆုံးနည်းကိုပဲဖော်ပြပေးလိုက်ပါတယ် ။ အောက်မှာပေး ထားတဲ့ အဆင့် အတိုင်းလုပ်ကြည့်ပါ ။

၁ ။ အောက်မှာပေးထားတဲ့လင့်က ဖိုင်လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါ ။ Zip file နဲ့တင်ပေးထားပါတယ် .exe ဆိုရင် virus ဆိုပြီး Upload server တွေက ဘမ်းပစ်လိုက်ကြလို့ပါ ။ (Version 11.02 ပဲတင်ပေးထားပါတယ် Update တွေ လည်းရှိပါတယ် နောက်ပိုင်းသုံးရင်းနဲ့ သူ့ဘာသာသူ Update version ရပြီ ဒေါင်းမလားမေးရင် Ok or Yes လုပ်ရင် update ရလာပါလိမ့်မယ် )

Mediafire Link - http://www.mediafire.com/?9zoqc81b4d08rn2

4Share Link - http://www.4shared.com/rar/McBeb-Ok/U1102.html

မှတ်ချက် ။ ။ Google မှာ ရှာပြီးလည်း Download လုပ်သွားနိုင်ပါတယ် ။

၂ ။ Double Click နှိပ်ပြီး သူ့ကို run လိုက်ပါ ။ ခဏလောက်ကြာ တဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Successfully connected to the server ဆိုပြီးပေါ်လာပါလိမ့်မယ် ။

၃ ။ ချက်ချင်းပဲ IE browser လည်းပေါ် လာပါလိမ့်မယ် ။ ကိုယ်က IE သုံးနေတာဆိုရင်တော့ တိုက်ရိုက်သုံး ယုံပါပဲ ။ မဟုတ်ပဲနဲ့ Firefox သို့မ ဟုတ် တခြား browser သုံးနေတာဆိုရင်တော့ အဲဒီပေါ်လာတဲ့ IE browser ကိုပိတ်လိုက်ပါ ။

၎ ။ ပြီးတဲ့အခါ ကိုယ်သုံးနေတဲ့ Browser ထဲက Tools>Options>Advanced>Network>Setting > ဆိုပြီးအ ဆင့်ဆင့်သွားပါ ။

၅ ။ ပြီးတဲ့အ ခါ Manual Proxy Configuration ကိုရွေးပါ ။ ပြီးရင် Http proxy နေရာမှာ 127.0.0.1 လို့ရိုက်ပြီး Port နေရာမှာ 9666 လို့ရိုက်ပါ ။

၆ ။ ပြီးရင် Use this proxy server for all protocols ကို အမှန်ခြစ်ပြီး ။ ပြီးရင် Ok တွေနှိပ်ပြီး သုံးနိုင်ပါပြီ ။

ဒါဆို ဖေ့ဘုတ်က ပုံတွေအကုန်လုံးပြန်မြင်ရပါပြီ ( မှတ်ချက် - ဒီနည်းလေးက အကုန်လုံးကျော် ခွလို့ရတဲ့ နည်းဖြစ် လို့ တခြား မမှန်ကန်တဲ့ နည်းလမ်းတွေမှာမသုံးစေချင်ပါဘူး ပိတ်ထားတဲ့ဆိုက်မှန်သမျှ အကုန်ပွင့်ပြီး အကျိုးရှိ မယ့် အရာတွေပဲ ရှာဖွေအသုံးပြုနိုင်ကြပါစေ )

Monday, 4 June 2012

ကွန်ပျူတာ(လက်တော့)ပြုပြင်နည်းလေးတွေ့ ထားပါတယ်


လက်တော့ပြုပြင်နည်းတဲ့ဗျာဖတ်ကြည့်တော့သိသင့်တာတွေသိရတာပေါ့ဖတ်မကြည့်
ရင်ဘာမှမသိဘူးပြင်တတ်ချင်ရင်ဖတ်ပေါ့နော..၀ါသနာတူရင်စုဖို့ ပြန်မျှလိုက်တယ်ဒို့ 
ကတော့ဥထားတာတွေအများကြီးပဲ..အားလို့ ဖတ်ရဘူးဗျ..ဖတ်ပီးရင်ကြောပြအုံးနော
နည်းပညာပိုင်းနဲ့ ပတ်သက်ပီးအကျိုး၇ှိစေမှာပါလိုချင်ရင်ဆွဲထားမယ်.......။

ဒီမှာ Download ယူပါ  Computer (လက်တော့) ပြုပြင်နည်း

Tuesday, 22 May 2012

Android ဖုန်း မှာ မြန်မာ လက် ကွက်သုံး သူး များ အတွက် zawgyi ကွန်ပြူတာလက်ကွက် keyboard application

FrozenKeyboard for Android (Zawgyi ကွန်ပြူတာလက်ကွက်)

Android မှာ ကီးဘုတ်ကို ဇော်ဂျီလက်ကွက်အတိုင်း သုံးချင်တယ်ဆိုသူများအတွက် ရိုးရိုးကီးဘုတ်တစ်ခုဖြစ်ပါတယ်။ ကွန်ပြူတာမှာ သုံးနေတဲ့ ဇော်ဂျီလက်ကွက် နီးပါး တူအောင်လုပ်ထားပါတယ်။

Samsung Galaxy Tab ပေါ်မှာ ရေးပြီး စမ်းထားတာမို့လို့ Galaxy Tab နဲ့ အဆင်ပြောဆုံးဖြစ်ပါတယ်။ ကျန်တဲ့ device တွေတော်တော် များများ နဲ့ လည်း အဆင် ပြေမှာပါ ။
galaxy 5 မှာလည်း စမ်းပြီးပါပြီ ။

Download Links

Mirror

ကြုံဖူး ကြလားမသိဘူး..ဂျီတော့ ချက်ဘောက်မှာ မြန်မာဖောင့် လေးထောင့်ကွက် ဖြစ်နေတာ

ကျွန်တော်တို့  ဂျီတော့ ချက်ဘောက်မှာလေ ဇော်ဂျီဖောင့်က လေးထောင့်ကွက်ဖြစ်နေတာ။ ဖောင့်လဲတင်ထားပါတယ်..ပြီးတော့ gtalk setting မှာလဲ ဇော်ဂျီဝမ်းပြောင်းထားတာ ပဲ...ဒါပေမယ့် အဲ့ဒီချက်ဘောက်မှာပဲစာရိုက်ရင်ပေါ်တယ်။ Enter ခေါက်လိုက်လို့  ဘောက်ထဲရောက်ရော လေးထောင့်ကွက်ဖြစ်သွားတာ။ အဲဒါမျိုးလေးတွေ ဖြစ်လာခဲ့ရင် ကျွန်တော့် သူငယ်ချင်းတွေအတွက်အခက်အခဲမရှိရလေအောင် အောက်ပါလုပ်နည်းလေး ကို အကြုံပြုရေးသားလိုက်ပါတယ်။
1) Start menu---->Control Panel
2) Network and Internet
3) Internet Options
4) Fonts
5) Zawgyi-One
6) Ok
သူငယ်ချင်းတို့ အဆင်ပြေကြပါစေ။

Computer ထဲက ဖိုင်တွေကိုသူများမကြည့်၊ကူးလိုဖျက်လို့ မရအောင်လုပ်နည်း


ဒီနည်းကတော့ ဖိုင်တွေကို  သူများမကြည့် ၊ကော်ပီကူးမရအောင် ၊ ဖျက်မရအောင်

လုပ်တဲ့ဆော့ဝဲပါ အပြည့်အ၀ သုံးလို့ ရတာမလို့  အလကားနဲ့ နှိုင်းစာလိုက်ရင် ဒါက

ပိုပြီးကောင်းတယ် ။လုပ်နည်းကလည်း အများကြီးရှိတာ ဆော့ဝဲမပါလည်း လုပ်လို့ 

ရတယ် ဒါပေမယ့် ဆော့ဝဲနဲ့ ချထားတဲ့ ဖိုင်တွေကိုတော့ ဖြတ်ကျော်ဖို့ အတော်လေး

ခက်ခဲပါတယ် မရဘူးလို့ တော့ မဆိုလိုဘူး နည်းပညာက တိုးတက်နေတော့လည်း

ပိတ်ထားလည်း ချောင်ဖွင့်လို့ ရတယ် သော့ဖတ်ထားလည်း သောဖျက်လို့ ရတယ်

ဒါပေမယ့် အတော်လေး လုံခြုံပါတယ် USB နဲ့  CD တွေကိုလည်း လုပ်လို့ ရတယ်

အဲ့တော့ လိုအပ်ရင် သုံးစေ.............................................................................။


 ဒီမှာဆွဲပါ - http://www.mediafire.com/ဖိုင်တွေကိုကူးမရအောင်လုပ်နည်း



မူရင်းလင့် - http://betterfreedownload.blogspot.com/

Monday, 14 May 2012

မြန်မာနာမည် Virus များ ရှင်းလင်းရန် နှင့် Software များ.

ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။ အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ ရုံမက တချို့က အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.ကျနော်ကိုယ်တိုင်လဲ Magway FC Virus အကိုက်ခံလိုက်ရသေးတယ်.။ ၁နှစ်ကျော်လောက်တော့ရှိပါပြီ။ ဒီလိုဘဲ.. အခြားသူတွေလဲ ကျနော်ကြုံတွေ့ရသလိုမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ အခြားပြည်ပက လာတဲ့ ဗိုင်းရပ်စ်တွေက သတ်ရတာလွယ်သေးတယ်။ အဲ.မြန်မာ ဆန်ဆန်ဗိုင်းရပ်စ်တွေက တော့ မလွယ်လှပါဘူး။ အဲဒီအတွက်..သူတို့ရဲ့လုပ်ဆောင်ချက်နဲ့..တစ်ခုချင်းစီ ကိုသတ်တဲ့ Software လေးတွေကို တင်ပေးလိုက်ပါ တယ်.။အားလုံးဘဲ..ဆောင်ထားကြစေလိုပါတယ်.။

Magway FC Virus (or) mgy.exe Virus
ဒီ Virus ၀င်ရင် စက်ကလေးလံနေမယ်။ Start Menu Button က Magway FC ဆိုပြီးပြောင်းနေမယ်။ File Icon တွေမှာ Magway FC ဘောလုံး Logo တွေပေါ်နေမယ်။ msconfig ခေါ်လိုရင် Restart ကျသွားမယ်။ Task manager, command, search, regedit, folder option တို့ပိတ်သွားမယ်။ Taskbar ဘယ်ဘက်ထောင့်မှာ Magway FC logo တက်တက်လာမယ်။ Drive တွေထဲက Folder တွေထဲမှာ ဖိုင်တွေ hidden ဖြစ်ပြီးပျောက်သွားမယ်။နောက် Harddrive partition အားလုံးမှာ 15MB ရှိတဲ့ Virus File တွေပွားပြီး Drive တွေ ကို Disk space တွေပြည့်အောင်ပွားတယ်။ အဆိုးရွားဆုံးကတော့ Data Partation ထဲက File တွေအားလုံး size တွေက 15MB လောက်ဖြစ်သွားအောင်ဖျက်ဆီးပါတယ်။ Virus ၀င်တာကြာလာတာနဲ့အမျှ အပေါ်မှာ ပြောပြထားတဲ့ Effect တွေ အဆင့်ဆင့်ဖြစ်ပေါ်လာပါတယ် ဖိုင်ပျက်စီးမှုတွေလည်းပိုများလာတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ၀င်ပြီဆိုတာနဲ့ အချိန်မဆွဲဘဲ အမြန်ရှင်းလင်းပစ်လိုက်ပါ။ Magway FC Virus Cleaner ထဲမှာ readme
File မှာပါတဲ့ လုပ်ဆောင်ပုံတွေဖတ်ပြီး အမြန်ရှင်းလင်းပစ်ပါ။

Chrome (or) Private_cam (or) gtalk Virus

ဒီ Virus ကတော့ စက်တွေ Memory stick တွေမှာ အများဆုံးဝင်တတ်တဲ့ Virus ပါ။ အင်တာနက်ကနေကော Memory Stick တွေကပါ ကူးစက်လေ့ရှိပါတယ်။ အင်တာနက် တပ်ထားတဲ့ ကွန်ပျူတာ တွေမှာဆိုရင် gtalk သုံးတဲ့အခါ ကိုယ်မရိုက်ဘဲ private_cam စတဲ့ စကားလုံးတွေပါဝင်တဲ့ Message တွေကို ကိုယ့်သူငယ်ချင်းတွေ ဆီကိုပို့နေမယ်။ Messager Software တွေက သူ့ဘာသာပွင့်လာတယ်၊ စက်က သုံးရတာ နှေးနေမယ်၊ Windows မရှိတဲ့ partition တိုင်းက Folder တိုင်းလိုလိုထဲမှာ သူ့နဲ့နာမည်တူ exe ဖိုင်တွေ ပြန့်ပြီး မူရင်း folder တွေကိုဖျောက်ထားမယ်။ Chrome virus ကမူကွဲတွေလည်းရှိပါတယ်။ Chrome Virus Cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကို ရှင်းလင်းပလိုက်ပါ။ ရှင်းလင်းနည်းကိုလည်း တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။

Svchost Virus
ဒီ Virus ၀င်ရင်တော့ Windows No Disk ဆိုပြီး Flash Drive တောင်းတဲ့ error ပေါ်ပါတယ်။ Windows Folder က သူ့အလိုလိုပွင့်လာပါတယ်။ System အထဲမှာ အလုပ်လုပ်နေတဲ့ File ပုံစံဖြစ်နေတဲ့အတွက် Antivirus အချို့နဲ့လည်း ရှာလို့မတွေ့နိုင်ပါဘူး။ Svchost Cleaner နဲ့ရှင်းလိုက်ပါ။


Loikaw Virus
ဒီ Virus ၀င်ရင်တော့ Desktop ပေါ်မှာ Virus Information.txt ဆိုတဲ့ ဖိုင်တစ်ဖိုင်တွေ့ရမယ်။ ဖွင့်ကြည့်လိုက်ရင်တော့ “Hi Fri” နဲ့စတဲ့ Myanglish လိုရေးထားတဲ့ စာတွေတွေ့ရမယ်။ တစ်ခါတစ်ရံ Chit thu lay how are you ဆိုတဲ့ message box ပေါ်လာမယ်။ ကိုယ်က စာတွေရိုက်ရင်း တစ်ခါတစ်ရံ virus က message တွေပို့နေလိမ့်မယ်၊ My Computer က icon က ပြတင်ပေါက် ပုံစံလေးပြောင်းသွားမယ်၊ Task manager ၊ Registry စတာတွေကိုဖွင့်လို့မရတော့ဘူး Loikaw virus Cleaner နဲ့ရှင်းလိုက်ပါ။

Ati2avxx.exe virus
ဒီ Virus ကစက်ထဲမှာ နဂိုကတည်းကရှိတဲ့ ဖိုင် ပုံစံလုပ်ထားတာပါ။ Memory Stick တွေက ကူးစက်တာပါ။ Start>Run>msconfig>strartup ထဲမှာ ati2avxx ဆိုပြီးရှိနေလိမ့်မယ်။ mburmh.exe ဆိုတဲံ jpeg icon နဲ့ဖိုင်လေးက Drive တိုင်းမှာ Hidden file အနေနဲ့ရှိနေလိမ့်မယ်။ Folder option ကိုဖွင့် ကြည့်လိုက်ရင် show
Hidden files and folder နဲ့ hide protect operation system file နှစ်ခုကို ဖျောက်ထားလိုက်ပေမယ့် Computer မှာ သုံးလိုက်တဲ့ Stick တွေထဲကိုပြန့်တယ်။ ati2avxx Cleaner နဲ့ရှင်းလိုက်ပါ။

Tayat Myo Hacking day virus
ဒီ Virus က Desktop ပေါ်က Software တွေရဲ့ Short cut နေရာမှာ ၀င်ရောက်နေရာယူပါတယ်။ File folder တွေကိုဖျောက်ပြီး zip file ပုံစံပြောင်းလိုက်ပါတယ်။ သွားပြီးဖွင့်ကြည့်တဲ့အခါ “thayatmyo hacking day” ဆိုပြီး စာကြောင်းတွေ လျှောက်ပြေးနေမယ်၊ Keyboard က Key တွေကြောင်ကုန်တယ်၊ ဒါဆိုရင် (Task Manager, Registry,msconfig,gpedit.msc) အဲဒါတွေ လုံးဝမခေါ်မိစေနဲ့ Thayatmyo hacking day cleaner နဲ့ရှင်းလိုက်ပါ၊ အကယ်လို့ Task Manager , Registry တို့သွားခေါ်မိမယ်ဆိုရင် ဗိုင်းရပ်စ် က Hal.dll ဆိုတဲ့ဖိုင် ကိုတောင်းပါလိမ့်မယ်။ အခု Virus Cleaner နဲ့ရှင်းပြီးပြီ ဒါပေမယ့် အခုနကဟာတွေ သွားနှိပ်မိထားတယ်ဆိုရင် Hal.dll ဆိုတဲ့ ဖိုင်ကို Windows ထဲက System32 ဆိုတဲ့ Folder ထဲကို ကော်ပီ ကူးပေးလိုက်ပါ။ တကယ်လို့များ အခုစာကိုဖတ်မိတာ နောက်ကျသွားပြီ Windows ကျသွားလို့ ဒီစာကိုတောင် အခြားကွန်ပျူတာမှာ ဖတ်နေရတာ ဆိုရင် ၀င်းဒိုးစ်ပြန်တင်ရမှာပေါ့ဆိုပြီး စိတ်ညစ်မနေနဲ့.. အညာသားလေးရေးပြထားတဲ့ အထဲမယ်။ Hal.dll ကိုပြန် ထည့်နည်းရေးပြထားတယ်.ရှာဖတ်လိုက်ပါ။ အဲ..Virus ကို Cleaner နဲ့ရှင်းဖို့တော့ မမေ့နဲ့နော်.။

Global virus
ဒီ Virus ၀င်ရင်တော့ Harddisk pertition တွေမှာ မူရင်း Folder တွေပျောက်ပြီး Virus File တွေက နာမည်တူတွေရှိနေမယ်။ Task Manager ထဲမှာ Global.exe/system.exe/svchesct.exe (user Account) နဲ့ပေါင်းနေမယ်။ Your Computer is defeated ဆိုပြီး Box လေးတစ်ခု Screen မှာပေါ်ပေါ်လာပါတယ်။ msconfig ထဲက setup ထဲမှာ KeyBoard ဆိုပြီးရှိနေမယ်။ Webpage တွေဖွင့်တဲ့အခါ error တက်လာမယ်။ Global Virus cleaner နဲ့ ရှင်းလိုက်ပါ။ Global virus cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကိုရှင်းလိုက်ပါ။

Killvbs.vbs virus

ဒီ Virus ၀င်ရင်တော့ Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး run နေမယ်။ Windows+R နှိပ်ပြီး msconfig ရိုက်လိုက်ရင် Startup ထဲမှာ Killvbs ဆိုပြီးရှိနေမယ်။ Internet သုံးရင် IE နဲ့သုံးတဲ့အခါ တစ်ချို့ antivirus တင်ထားတဲ့စက်တွေမှာ A နဲ့ စတဲ့ Virus ကိုတွေ့ပြီး အမြဲတမ်းလည်းသတ်နေရမယ်။ ဒါဆိုရင်တော့ Killvbs Cleaner နဲ့ ရှင်လိုက်ပါ။

Funny Virus
ဒီ Virus ၀င်ရင်တော့ Desktop နဲ့ My computer ထဲမှာ Funny ဆိုတဲ့ Delete လုပ်လို့မရတဲ့ Folder တစ်ခုပေါ်နေမယ်။ စက်က သုံးရတာနှေးလာမယ်။ My computer ထဲက C: ထဲမှာ ရှိတဲ့ Folder တွေကို ပျောက်နေမယ်။ ဒီ ဗိုင်းရပ်စ် ၀င်နေပြီဆိုသိသိချင်း အမြန်ဆုံးရှင်းသင့်ပါတယ် ကြာရင် ဖိုင် တွေပျက်စီးမှုတွေပိုများပါတယ်။ Funny virus cleaner နဲ့ရှင်လိုက်ပါ။ တကယ်လို့များ Funny virus ၀င်တာ ကြာရင် ပဲဖြစ်ဖြစ် မိန်းကလေးပုံပေါ်လာပြီး မွေးနေ့မေးတဲ့ Program ပေါ်လာပြီး စက် Restart ကျပြီး Windows ပြန် မတက်တော့တာဟာ virus က Hal.dll file ကိုဖျက်သွားလို့ပါ ဒါဆိုရင်တော့ Hall.dll ကိုပြန်ပြီး သွင်းလိုက်ပါ။

Kolay Virus
ဒီ Virus ၀င်ရင် Process ထဲမှာ Kolay.vbs ဆိုပြီး Process တစ်ခုRun နေမယ်။ ကြာရင်တော့ Unserinit.exe file ကိုဖျက်သွားရင် Welcome Screen ကနေဆက်ဝင်လို့မရတော့ပါဘူး။ Kolay.vbs Virus cleaner နဲ့ရှင်းလိုက်ပါ။

Nargiz Virus

ဒီ Virus ၀င်ရင်တော့ Hard Drive များကို Double Click ဖြင့် ၀င်မရခြင်း၊ Logon ၀င်တဲ့အခါ Virus ကပေးထားတဲ့ ပြောင်းလဲထားတဲ့ Password ကြောင့် Logon ၀င်မရဘဲဖြစ်နေတတ်တယ်။ ဒါဆိုရင်တော့ mMs, mMs0, mMs1, mMs2, mMs3, mMs4,mMs5, mMs6,mMs7,mMs8,mMs9 ကိုမမှန်မခြင်း တစ် ခုခြင်းစီ ရိုက်ထည့်ပြီး Logon ၀င်ပြီးပါက Nargiz Virus Cleaner နှင့်ရှင်းလင်းနိုင်ပါတယ်။

Recycler Virus

Recycler Virus ဆိုပြီး မူကွဲ အမျိုးမျိုးရှိတဲ့ထဲက ဒီမှာ အများဆုံးဝင်တတ်တဲ့ Recycler ကတော့ USB Drive တွေတပ်လိုက်ရင် Drive ထဲကို Recycler.exe ဆိုပြီး ၀င်ရောက်ပျံ့နှံ့ ပြီး၊ ၀င်ရောက်ခံရတဲံ ကွန်ပျူတာမှာတော့ Process တွေမှာ 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ Process တွေ Run နေပြီး Run ကနေ msconfig ရိုက်ဖွင့်ကြည့်တဲ့အခါ Startup မှာ iiiiii, 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ နာမည် တစ်ခုခုရှိနေပါတယ်။ ရှင်းလင်းလိုက်ပါ။

Regsvr(or) NewFolder.exe Virus
ဒီ Virus ကတော့ Newfolder.exe နာမည်နဲ့ ကွန်ပျူတာရဲ့ နေရာအများအပြားမှာ ပြန့်နှံ့နေတတ်ပါတယ်။
Regsvr.exe ဆိုတဲ့ ဖိုင်တွေလည်းတွေ့ရပါတယ်။ Process မှာတော့ Svichossst.exe, regsvr.exe,
New_folder.exe, newfolder.exe, svchost.exe စတဲ့ Process အချို့လည်းတွေ့ရပါတယ်။ ဒီဗိုင်းရပ်ဝင်
ခံရရင်တော်တော်ကိုထိခိုက်ပါတယ်။ Regsvr Virus Cleaner နဲ့ရှင်းလင်းလိုက်ပါ။ 

ATF Cleaner 3.0.0.2 (ကွန်ပြူတာ ပေါ့ပါး သွက်လက်စေဖို့ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါ)


  ဒီဆော့ဝဲလ် လေးကတော့ မိမိကွန်ပြူတာအား အသုံးပြုပြီးပါက ကွန်ပြူတာအတွင်းကျန်ခဲ့တဲ့ windows temp/current user temp/all user temp/cookies/temporary internet files/history/prefetch/java cache/recycle bin အစရှိတာတွေကို ရှင်းလင်းဖယ်
ရှားပေးပါတယ်။  Select All အားနှိပ်ပေး၍အောက်က Empty Selected ကို ကလစ်လုပ်ပါ။    ကျလာသော AFT Cleaner Box ကျ
လာတဲ့အခါ OK ပေးလိုက်ပါ။ပြီးရင် Exit နှင့်ထွက်ပါ။ဤသို့ ရှင်းလင်းပေးခြင်းဖြင့် သင့်စက်သည်ပေါ့ပါးနေပါလိမ့်မယ်။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာယူလိုက်ပါ။ ဖိုင်ဆိုက်ဒ်လေးကလဲ 50 Kb ဘဲရှိပါတယ်။

Removing temporary files, deleting the cookies, cleaning history, emptying the Recycle Bin, all these chores need to be done every once in a while to be sure the operating system doesn't suffer from the slowdown syndrome.

Since these are such important procedures it would be a wise choice to use some specialized software rather than do it manually because the whole thing could be carried out a lot easier and faster.

ATF Cleaner was created with this goal in mind, to try and offer users what they need most: a simple yet efficient way of cleaning the clutter off their computers.

There's no need to install the application because it's being delivered as a stand-alone executable file and part of the reason for this will become evident when you take a look for the first time at its interface.

It's all about simplicity inside ATF Cleaner and the way it looks doesn't do it justice compared to its functionality. From the main window you can easily pick the files you wish to delete, be them Windows temporary files, cookies, temporary Internet files, Java cache or Prefetch traces.

Hit the Empty Select button and you're ready to go. We've tried on our testing machine and it worked pretty fast, but be sure to run the app as administrator to be able to perform the cleaning.

If you have Firefox or Opera installed on your system ATF Cleaner will clean up after them as well, so if you really manage to get over the less inspired interface, you might be pleasantly surprised.


Change MAC Address 2.4.0 Build 79 နှင့် Download ဆွဲနည်း



Apple ကို လှည့်စားဖို့ပါ ... ဟိုနေ့က သူငယ်ချင်းတယောက်တောင်းထားလို့ တခြားလိုအပ်နေတဲ့ သူငယ်ချင်းများပါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်....)


With this tool, you will quickly change the MAC address of your network card no matter what its manufacturer and driver is. You will be able to change the MAC address with a couple of mouse clicks in just several seconds.
Every network adapter has a unique MAC address embedded by the manufacturer in the firmware of the network adapter chip. Sometimes you may need to find out or change the MAC address of the network adapter, for example, if it is used for Internet access authentication. Or if you need to hide your MAC address for security reasons.
You can spoof the MAC address very easily with our program. All you have to do is click a few buttons. During this operation, you can select a different manufacturer or generate a completely random MAC address.

Key features
Showing the MAC address of your network adapter
Showing the manufacturer of you network adapter
Replacing the MAC address with any other address
Generating a completely random MAC address
Setting a MAC address of another manufacturer
Setting a MAC address without changing the manufacturer
Automatically activating the new MAC address after the change
And all that in just a couple of mouse clicks!

ဆောဝဲလ်တွေကို အရင်က Mediafire ကနေတင်တာ အဖျက်ခံရတာ များလို့  နောက်ပိုင်း ဆော့ဝဲလ် တွေကို ဒီ ZippyShare.com နဲ့ minus.com ကနေပဲ တင်ပေးတော့မှာပါ... ဒါကြောင့် Download ဆွဲနည်းလေးကို မသိသေးသူတွေအတွက် တခါထဲ ရေးပေးလိုက်ပါတယ်......:)
ပြီးတော့ ZippyShare ကနေ Download ဆွဲရတာ အဆင်ပြေမပြေ Comment (or) C-box မှာ ပြောသွားပေးစေချင်ပါတယ်....:)

 How to Download




Please Wait 5 Seconds






 အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း......:)
Download Here

ဖုန်းတွေကို အင်တာနက်ကနေ မက်ဆေ့( SMS) ပို့ ချင်ရင်(မြန်မာ လည်းရ၏)


ဒါလေးကတော့ အင်တာနက်သုံးရင်းနဲ့ ဖုန်းတွေကို မက်ဆေ့ပို့ လို့ ရတဲံ ဆိုဒ်လေးပါ အသုံးပြုပုံက အဲ့ဆိုဒ်ကိုဖွင့်လိုက်၊ နိုင်ငံရွေး ၊ဖုန်းနံပတ်ရိုက်ပြီး အလွယ်တကူပို့ လို့  ရပါတယ် မြန်မာကိုလည်း ပို့ လို့ ရပါတယ် စာလုံးရေကန့် သတ်ချက် ၅၀၀ ရတယ် Register လုပ်ရင်တော့ အထွက်မက်ဆေ့တွေ ပြန်ကြည့်လို့ ရပါကြောင်း.............။
 ဒီလင့်ကိုနှိပ်ပြီးသွားပါ - http://www.freemasti.me/Compyter to Phone SMS

Friday, 27 April 2012

PDF Ebook ပြုလုပ်တာတွေ စိတ်ဝင်စားသူအတွက် (Nitro PDF PRO )


ဒါကတော့ အသုံးလိုတဲ့သူတွေ အတွက် မျှဝေတာ သာမာန်အားဖြင့်တော့ မလိုပါ

free version တွေ ပေါများသလို Ms ကနေလည်း add on နဲ့  သုံးလို့ ရနေတာပဲ

ပိုပြီး ကောင်းမွန်တဲ့ feature တွေအတွက်ကတော့ ဒီလိုဆော့ဝဲတွေမှာသာ ရှိတာ

အဲ့တော့ လေ့လာလို အသုံးလိုက သွားဆွဲလိုက်........................................။

ဒီမှာ ယူပါ - http://daoudcompworld.blogspot.com

ဒီမှာ အသေးစိတ်အချက်လက်တွေဖတ်ပါ - http://www.nitroreader.com

Here are some key features
  • Create & convert. Create PDF documents directly from within familiar applications, including one-click creation from within Microsoft Office. Create PDF documents directly from Windows clipboard contents.
  • Edit. Cut and copy text, tables and graphics from and to your PDFs, and edit text in-line.
  • Comment & Share. Use the full set of PDF commenting tools, including sticky notes, highlighting, comments and drawing tools.
  • Secure. Configure security settings, and control the ability to print, edit and/or copy your work.
  • PDF stamping & watermarking. Create custom stamps, watermarks, headers or footers, or work with the extensive library of predefined templates. Add automatic page-numbering, date- and time-stamps.
  • Manage PDF navigation. Create, modify and manage the full range of PDF navigational controls including bookmarks, links and default display settings.
  • Combine PDFs. Merge any number of individual files from different applications into a single self-contained PDF document.
  • Create & work with PDF forms. Nitro PDF Desktop users can create PDF forms, fill out and save PDF forms locally, and apply digital signatures.

Thursday, 12 April 2012

ကွန်ပျုတာ ပြုပြင်ရေး ၀ါသနာရှင်တို့ အတွက် အသုံးဝင်စေမယ့် ISO Burner


ဒီဆော့ဝဲလေးကတော့ Application Softwere တွေ Run ဖို့ အခွေထုတ်ချင်တဲ့အခါ

သုံးဖို့ သင့်တော်ပါတယ် ။ အသုံးဝင်တဲ့ဆော့ဝဲတွေကို အခွေထဲကို Burn ဖို့ သီးသန့် 

Application Burnner လေးပါ ပေါ့ပေါ့လေးနဲ့  သုံးလို့ ကောင်းပါသည်...............။

ဒီမှာယူလိုက်ပါ - http://www.freeisoburner.com/

Saturday, 7 April 2012

ဆော့ဝဲလ် ပေါင်းများစွာပါဝင်တဲ့ ALL IN ONE HIREN'S BOOTCD 15.1


ဒီနေ့ အင်တာနက် မှာ လည်ရင်း အရမ်းအသုံးဝင်တဲ့  ဆော့ဝဲလ်ပေါင်းများစွာ ပါဝင်တဲ့  Hiren's BootCD  15.1 လေးတွေ့လာလို့ အသုံးပြုချင်တဲ့ သူငယ်ချင်းအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
သူ့မှာပါဝင်တဲ့ software တွေရဲ့ အသေးစိတ်ကို သိချင်ရင်တော့  ဒီမှာ  သွားရောက် လေ့လာနိုင်ပါတယ်..။
Download Hiren's BootCD 15.1

Filesize: 498.36 MB (522565534 bytes)
ISO MD5: B5DE7A10DD1586D47535372EA1AD9BED
ZIP MD5: 5B8E9240AE8CF74939B60AD872CBBABA

Thursday, 5 April 2012

File တွေကို Lock ချရအောင်

ကိုတို့ရဲ့ လျှို့ဝှက်ထားတဲ့ Data တွေ၊ Information တွေကို ကာကွယ်ဖို့ဆိုတာ အရေးကြီးတာပေါ့နော်။ ဒီတစ်ခါ Winmend နဲ့ မတူနဲ့ နောက်ထပ် Tool လေး ပေးမလို့ပါ။

Easy File Locker ဆိုတာ လည်း Free လည်းရသလို၊ Size လည်းသေးပီး File တွေ Folder တွေကို Lock ချဖို့ အတွက်တော့ မြန်ဆန်ပီး လွယ်ကူ ရိုးရှင်းတဲ့ Tool လေးပါပဲ။ သူကတော့ High Protection တောင် ထောက်ပံ့ ဆိုပဲ။ သူက Users တွေကို Locked File တွေ Folder တွေကို ဖွင့်လို့လည်းမရဘူး၊ ဖတ်လို့ လည်း မရ ၊ပြင်ဆင်ဖြည့်စွက်ခွင့် လည်း မရှိတဲ့ ပြင် ဖျက်လို့ ရွေ့လို့ ပါ မရပါဘူးတဲ့။

Password ကိုလည်း Set ထားလို့ ရပါတယ်။ Correct Password မဟုတ်ဘူးဆိုရင် ဘယ်သူမှ အသုံပြုနိုင်မှာ မဟုတ်သလို Uninstall လုပ်လို့ လည်းရမှာ မဟုတ်ပါဘူး။ လွယ်ကူ ရိုးရှင်းတာမို့ အသေးစိတ်မပြောတော့ပါဘူး။

စမ်းကြည့်ချင်ရင်တော့

Download Here
အားလုံးအဆင်ပြေကြပါစေ

Monday, 2 April 2012

Jumbofiles.com မှ Download လုပ်ယူနည်း


ခုနောက်ပိုင်း တချို့ ဆောဝဲလ် တွေကို  Mediafire ကနေ Upload တင်ရတာ သိပ်အဆင်မပြေတာနဲ့ Jumbofiles ကနေပဲ အဆင်ပြေအောင် တင်နေရပါတယ် .... Upload , Download လုပ်ရတာလဲ အဆင်ပြေပါတယ်.... ဒါပေမဲ့ Download လုပ်တဲ့ နေရာမှာ New User တွေအနေနဲ့ သတိမထားမိတော့ နည်းနည်း မျက်စိလည်သွားစေတာ တခုလေးပဲ ရှိပါတယ် ...:)
Jumbofiles ကနေ Download လုပ်မရဘူး လို့ ပြောနေတာလဲ လေး ငါး ယောက်လောက် ရှိနေပါပြီ...ဒါ့ကြောင့် မသိသေးတဲ့ သူငယ်ချင်း တွေ ပါ တခါထဲ အဆင်ပြေသွားအောင် ဒါရိုက် ပြန်မဖြေတော့ပဲ ပို့စ်အနေနဲ့ တင်လိုက်ပါတယ်..။
ပုံလေးတွေကို ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ..။






မသိသေးတဲ့ သူငယ်ချင်း များအတွက်ပါ... သိပြီးသူများကတော့ ကျော်သွားလိုက်ပေါ့ဗျာ......:D ... အဆင်ပြေ ပျော်ရွှင်ကြပါစေ....။

ဒီ Blog လေးထဲမှာ တချို့ Link တွေ အလုပ်မလုပ်တာတွေ တွေ့ရင်လဲ C-box , Facebook , Comment တနေရာရာ ကနေပြောသွားပေးကြပါ ကျနော် သိတာနဲ့ ပြန်တင်ပေးသွားပါ့မယ်...:)

Friday, 23 March 2012

ဖိုင်ဆိုဒ်ကြီးနေတာတွေကို သေးအောင် ချုံ့ တဲ့နည်းလမ်းလေးတစ်ခုပါ

ဒီအတိုင်းလုပ်လိုက်လည်း ရနေပါတယ် ထင်သလို ရေးကြည့်တာ မူရင်းမှာကြည့်ကြည့်



ဒီနည်းလမ်းလေးကတော့ မေးကနေ ဗီဒီယိုဖိုင်တွေ ပိုချင်တဲ့အခါ ဖိုင်ဆိုဒ်ကြီးတာကို

သေးသွားအောင် ခွဲထုတ်ပေးတဲ့သဘောပါ တစ်ခါမှ မသုံးဖူးသေးပေမယ် လိုအပ်သူ

သုံးရအောင် တင်ပေးလိုက်ပါတယ် ။ နည်းပညာဆိုဒ်တစ်ခုကနေ ရှာဖွေလာခဲ့တာပါ

ဒီနည်းကို  သုံးဖို့ အတွက်  Winrar ဆော့ဝဲ ရှိဖို့ တော့လိုပါတယ် ။ သာမာန်အားဖြင့်

ကြည့်မယ်ဆိုရင် 50 MB  ရှိတာကို 25 MB စီခွဲလိုက်တော့ မေးထဲကနေ ပို့ မယ်ဆို

အဆင်ပြေစွာ  ပို့ နိုင်မှာပါ။ တဖက်ကလည်း ရလာတဲ့ ဖိုင်ကို ပြန်စုပေးဖို့ လိုပါတယ်

ဒါမှ ပို့ လိုက်တဲ့ ဖိုင်က  အလုပ်လုပ်မှာ ဖြစ်ကြောင်း ပုံတွေနဲ့ ရှင်းပြပေးထားပါတယ်

အလွန်အသုံးဝင်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ထင်ပါတယ် ထို့ ကြောင့် မူရင်းဆိုဒ်မှာ

သေချာဖတ်ကြည့်လိုက်ပါနော်..ဗဟုသုတအဖြစ်ပေါ့..လေ့လာကြည့်လိုက်ပါ.......။



ဒီလင့်မှာကြည့်ပါ - http://rolandocabral.com/2011/07/25/hackaday-how။

Monday, 19 March 2012

Gtalk မှာ အကောင့်အများကြီးဖွင့်လို့ရအောင်ပြုလုပ်နည်း

မိမိတို့ Gtalk software တစ်ခုကို Run ပြီးရင် မိမိတို့ အကောင့်တစ်ခုသာလျှင် ဖွင့်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။မိမိကလဲ အကောင့် (5) ခုလောက် တပြိုင်တည်း ဖွင့်ပြီး အသုံးပြုချင်ရင် မိမိတို့ Gtalk မှာ Icon ပေါ်မှာ left click ပေးပါ။ properties ကို click ပါ။အောက်ပါအတိုင်းကျလာသော box မှာ googletalk.exe” နောက်မှာ /nomutex ကို
ပေါင်းထည့်ပါ။ok ကို click ပါ။ဒါဆိုရင် မိမိ စိတ်ကြိုက်အကောင့်တွေအများကြီး ဖွင့်နိုင်ပါပြီ။

Saturday, 17 March 2012

Windows Live Essentials: Movie Maker

Windows Live Essentials: Movie Maker
ဓာတ်ပုံကို.သီချင်းနဲကစားချင်နေတဲသူငယ်ချင်းများ.....သွားဒေါင်းလနိုင်ပါတယ်...သုံးမယ်နည်းကတောလွယ်ပါတယ်....

Get Movie Maker, it's free

window7အသုံးပြုနည်းမြန်မာလိုစာအုပ်(ဆောင်ထားသင့်တယ်နော်)


ဒီစာအုပ်လေးက window7သုံးနေတဲ့ သူတွေအတွက် အရမ်းအသုံးဝင်လို့ တင်

ပေးလိုက်တယ် အခြေခံပညာသင်တွေ လက်မလွတ်သင့်တဲ့ စာအုပ်တစ်အုပ်

ဦးအောင်လင်းရေးတဲ့စာအုပ်ပဲဗျScan ဖတ်ပြီးတင်ထားတာပဲဘယ်သူလုပ်ပေး

တာလည်းတော့မပါဘူးဗျာလုပ်တဲ့သူတွေကျေးဇူးပါစာဖတ်သူတွေနဲ့ အခြေခံ

ပညာသင်တွေအဆင်ပြေပါစေဗျာအခြေခံပညာသင်တွေအတွက်ကွန်ပျူတာ

စသုံးခါစတွေအတွက်တော့အလွန်အသုံးဝင်ပါကြောင်း....။

ဒီမှာDownload ယူလိုက်ပါ.. Window7 အသုံးပြုနည်းအသေးစိ