Tuesday, 6 March 2012

အတိတ်သစ်ပင်

နက်နက်ရှိုင်းရှိုင်း ရင်ဘတ်တစ်နေရာမှာ
အတိတ်သစ်ပင်လေးတစ်ပင်ရှိတယ်

အတိတ်သစ်ပင်မှာ ခံစားချက်အသီးအပွင့်တွေ ဖူးပွင့်တယ်
အမှတ်တရဆိုတဲ့အသီးကို ခူးရင်
အလွမ်းအသီးက လိုက်ကြွေကျတယ်

ကြင်နာခြင်းအသီးကိုခူးရင်
နာကျင်ကြေကွဲခြင်းအသီးက လိုက်ကြွေကျတယ်

အချစ်အသီးကိုခူးရင်
လှည့်ဖြားဟန်ဆောင်ခြင်းက လိုက်ကြွေကျတယ်


တကယ်ဆို....
အမှတ်တရအသီးကိုခူးရင်
ပျော်ရွှင်ကြည်နူးခြင်းက လိုက်ကြွေကျရမှာ

ကြင်နာခြင်းအသီးကိုခူးရင်
ယုယနမ်းရှုံခြင်းက လိုက်ကြွေကျရမှာ

အချစ်အသီးကိုခူးရင်
ထာဝရက လိုက်ကြွေကျရမှာ
.........

အတိတ်သစ်ပင်လို့ တမ်းတမြင်ယောင်တိုင်း
နောင်တသစ်ရွက် အဆွေးအမြေ့တွေရှိခဲ့ပေမယ့်
ရင်ဘတ်တစ်နေရာမှာ အတိတ်သစ်ပင်လေး
ဘယ်တော့မှ
နွမ်းရော်ခြောက်သွေ့မသွားအောင်
(တစ်ခါတလေ.....)
မျက်ရည်မိုးတွေ သွန်းဖြိုးပေးခဲ့မိတယ်    နိုင်းနိုင်းစနေ။။။။မှယူထားတယ်.

No comments:

Post a Comment